ညောင်လေးပင်တွင် ကြိုတင်မဲလက်မှတ်ထည့်မည့် မဲပုံးအားလုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်


ညောင်လေးပင် အောက်တိုဘာ  ၂၀



ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်အတွင်း၂၀၂၀ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက်ကြိုတင်မဲလက်မှတ်ထည့်မည့် မဲပုံးအားလုံခြုံရေးကြိုးဖြင့်ချိတ်ပိတ်ခြင်းကိုယနေ့နံနက် ၁၀နာရီ အချိန်ကမြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ပြုလုပ်သည်။


 ရှေးဦးစွာမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးမျိုးကျော်က ကြိုတင်ဆန္ဒမဲနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များပြောကြားပြီးမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ယုယုခိုင်ကကြိုတင် ဆန္ဒမဲပုံးအားလုံခြုံရေးကြိုး တပ်ဆင်ချိတ်ပိတ်ခြင်းနှင့် မဲလက်မှတ် များနှင့် ပတ်သက်၍ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ညွန်ကြားချက်များအား ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ကြိုတင် ဆန္ဒမဲပုံးအားသက်ဆိုင်ရာ ပါတီကိုယ်စားလှယ်များရှေ့တွင် လုံခြုံရေးကြိုးဖြင့်ချိတ်ပိတ် တပ်ဆင်ခြင်း ဆောင်ရွက်ခဲ့သည်။


ညောင်လေးပင်မြို့နယ်တွင်ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၆၁)အုပ်စုမှအသက် (၁၈)နှစ်ပြည့်ပြီးဆန္ဒမဲပေးခွင့်ရှိသူ ဒုတိယအကြိမ်မဲဆန္ဒရှင် စာရင်းများအရ (၁၆၂၅၂၅)   ဦးရှိပြီးမဲရုံပေါင်း(၁၅၀) ရုံဖွင့် လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

သက်လွင်(ညောင်လေးပင်)