သနပ်ပင်မြို့နယ်တွင်  ပုံမှန်ကာကွယ်ဆေးထိုး/တိုက်အစီအစဉ်နှင့် (HPV) ကာကွယ်ဆေး စတင် ထည့်သွင်းခြင်း အသိပညာပေးအခမ်းအနားကျင်းပ

သနပ်ပင်  အောက်တိုဘာ ၂၀ 



ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပ်မြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုး/တိုက်အစီအစဉ်နှင့် (HPV) ကာကွယ်ဆေး စတင်ထည့်သွင်းခြင်း အသိပညာပေး အခမ်းအနားကို အောက်တိုဘာ ၂၀ ရက်နေ့  မွန်းလွှဲ ၁နာရီ အချိန်က  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
        
ရှေးဦးစွာဖွင့်ပွဲ အခမ်းအနားတွင် သနပ်ပင်မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေး ဦးကျော်မင်းထွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာန  မြို့နယ် ဆရာဝန်ကြီး ဒေါက်တာစံကြည်မှသားအိမ်ခေါင်းကင် ဆာကာကွယ်ဆေး(HPV)  ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်နှင့် ပတ်သက်၍အသိပညာပေးရှင်လင်းပြောကြားခဲ့သည်။

သနပ်ပင်မြို့နယ်တွင်    သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) ပုံမှန်ထိုးခြင်းကို  အောက်တိုဘာ  ၂၀ရက်နေ့ မှစတင်၍  အသက်()နှစ်မှ (၁၀)နှစ် အရွယ် မိန်းကလေးငယ် များကို သက်ဆိုင်ရာ  ရပ်ကွက်/ ကျေးရွာ  ကျန်းမာရေးဝန်ထမ်းဆရာ၊ ဆရာမများက  သတ်မှတ်နေရာများအလိုက်  အဆိုပါကာကွယ်ဆေးကို ထိုးနှံပေးသွားမည်ဖြစ်​သည်။   အဆိုပါ အသိပညာပေး အခမ်းအနားသို့  မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့၊  အမျိုးသမီးရေးရာအသင်း၊ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ပြီး  သနပ်ပင်မြို့နယ်တွင်  သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV)ပုံမှန်ထိုးနှံပေးမည့် အသက်()နှစ်မှ(၁၀)နှစ်အထိ အမျိုးသမီးငယ်စုစုပေါင်း (၁၈၉၉) ဦးရှိကြောင်း သိရှိရသည်။


လှမိုး(သနပ်ပင်)