သာယာဝတီ ဇန်နဝါရီ ၇
သာယာဝတီမြို့တွင် လူငယ်ရေးရာမူဝါဒ မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက သာယာဝတီမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့အားမာန်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားကို သာယာဝတီမြို့နယ် လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး လူငယ်ရေးရာ ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထိန်လင်းထွန်း လက်ထောက်မြို့နယ် ပညာရေးမှူး ဦးနေညွန့်ဦး ပြန်/ဆက် မြို့နယ်ဦးစီးမှူး ဒေါ်အိအိအောင် အ.ထ.က(၁) ကျောင်းအုပ်ဆရာကြီး ဦးကျော်နိုင် လူငယ်ရေးရာ ကော်မတီ အတွင်းရေးမှူး ဦးထက်ဦးကျော် နှင့်အဖွဲ့ဝင်များ ဆရာ/ဆရာမများ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ထို့နောက် လူငယ်ရေးရာ ကော်မတီဝင်များကတစ်ဦးချင်းမိတ်ဆက်စကားပြောကြားပြီး လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထိန်လင်းထွန်းက အမှာစကားပြောကြားပြီး ကော်မတီအတွင်းရေးမှူး ဦးထက်ဦးကျော်က လူငယ်ရေးရာမူဝါဒများအား ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသူများက သိရှိလိုသည်များကို ပြန်လည်ဆွေးနွေး မေးမြန်းကြသည်။
မြို့နယ်လူငယ်ရေးရာ ကော်မတီအနေဖြင့် ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရန် မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကဏ္ဍအသီးသီးတွင် လူငယ်များပါဝင် ပူးပေါင်း ဆောင်ရွက်နိုင်ရန် လူငယ်များ အနာဂတ် အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက် ကောင်းမွန်လာရန်နှင့် လူငယ်များ၏ အလုပ်အကိုင် အခွင့်အလမ်းများ ချိတ်ဆက်ဆောင် ရွက်ပေးနိုင်ရန် ကြိုးစား အကောင်အထည်ဖော် သွားမည် ဖြစ်ကြောင်း သိရသည်။
သန့်ဇော်(ပြန်/ဆက်)