ရန်ကုန် အောက်တိုဘာ ၁၅
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုတိယအကြိမ် နှစ်ပတ်လည်အထွေထွေအစည်းအဝေးနှင့် အလုပ်အမှုဆောင်ရွေးချယ်တင်မြှေက်ပွဲကို ယမန်နေ့က အင်းယားလိတ်ဟိုတယ် မင်္ဂလာခန်းမတွင်ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားညွှန်ကြးမှုဦးစီးဌာနညွှန်ကြားရေးမှုးချုပ် ဦးမောင်မောင်ကျော်တက်ရောက်၍ နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။
ဆက်လက်၍ ဒုတိယအကြိမ် နှစ်ပတ်လည်အထွေထွေအစည်းအဝေးသဘာပတိ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရန်ဝင်းက အမှာစကားပြောကြားပြီး အထွေထွေအတွင်းရေးမှူး ဦးကြည်သိန်းကိုက ၂၀၁၇ - ၂၀၂၃ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာကိုလည်းကောင်း ဘဏ္ဍာရေးမှူးဦးသန်းရွှေက ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နှစ်ချုပ် ငွေစာရင်းရှင်းတမ်းကိုဖတ်ကြားတင်ပြပြီး အတည်ပြုချက်ရယူသည်။
ယင်းနောက် အစည်းအဝေးပထမပိုင်းကို ခေတ္တရပ်နားသည်။ အစည်းအဝေးဒုတိယပိုင်းကို ပြန်လည်ကျင်းပရာ ၂၀၂၃-၂၀၂၆ ခုနှစ် သက်တမ်းအတွက် အလုပ်အမှုဆောင် ရွေးချယ်တင်မြှေက်ပွဲကိုကျင်းပရာ ဥက္ကဋ္ဌ ဦးရန်ဝင်း၊ အထွေထွေအတွင်းရေးမှူး ဦးသန်းထွဋ်တို့ပါဝင်သည့် ဗဟိုအလုပ်အမှုဆောင်နှင့် အမှုဆောင် ၅၇ ဦးတို့ကို ရွေးချယ်တင်မြှေက်ပွဲကျင်းပရေးကော်မရှင်အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် ရွေးချယ်တင်မြှောက်ကြသည်။
ထို့နောက် ရွေးချယ်တင်မြှောက်ခံ အလုပ်အမှုဆောင်အဖွဲ့သစ်ကိုယ်စားဥက္ကဋ္ဌ ဦးရန်ဝင်းကနှုတ်ခွန်းဆက်စကားပြောကြားပြီး ရှေ့လပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ကို ၂၀၁၁ ခုနှစ်မေလ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)