နတ်မောက် အောက်တိုဘာ ၂၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ နတ်မောက်ကွန်ရက် ပရဟိတ လူမှု အကျိုးပြုအသင်းက သွားရောက်၍ ဆန်၊ ဆီ နှင့် Mask များ သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းပေးရာတွင် နတ်မောက် မြို့နယ်အတွင်းရှိ ဂွေးပင်ကျေးရွာသို့ ဆန်(၅)အိတ်၊ ဆီ(၅) ပိဿာ ၊ ဂွေးတောက်ကုန်းကျေးရွာသို့ ဆန်(၅)အိတ်၊ ဆီ(၅) ပိဿာ၊ Mask (၃၀၀)ခု၊ ပိုးသတ်ဆေး(၄)ဘူး၊ ကုလားရှင် ကျေးရွာသို့ ဆန်(၂)အိတ်၊ ပိုးသတ်ဆေး (၂) ဘူး၊ Mask (၁၀၀)ခု၊ န-လက္ခုပ္ပင်ကျေးရွာသို့ ဆန်(၃)အိတ်၊ ဆီ(၅) ပိဿာနှင့် Mask များ၊ ထုံးပေါက်ချိုင်းကျေးရွာသို့ ဆန်(၁၀)အိတ်၊ဆီ(၁၀) ပိဿာနှင့်မြင်သာကျေးရွာ အတွက် ဆန်(၅)အိတ်၊ ဆီ(၅) ပိဿာတို့ကို သွားရောက် လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
နတ်မောက် ကွန်ရက် ပရဟိတ လူမှုအကျိုးပြုအသင်းအနေဖြင့် အများပြည်သူတို့၏ စုပေါင်းအလှူဖြင့် ကိုဗစ်-၁၉ ကာလ အခြေခံ စားသောက် ကုန်များကို ဆက်လက်၍ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဥမ္မာခင်(နတ်မောက်)