လှိုင်းဘွဲမြို့တွင် ပြည်သူ့စကားဝိုင်း ကျင်းပမည်

လှိုင်းဘွဲ ဇန်နဝါရီ ၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ “လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲကို အ.ထ.က(မဲဆမိတ်) ကျောင်း၌ ဇန်နဝါရီ လ ၁၀ ရက်နေ့တွင် ကျင်းပ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြည်သူ့စကားဝိုင်းကျင်းပရာတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောချစ်ဦး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ဆရာဝန် ဒေါက်တာသူရိန်သန်းအေး၊ မြို့နယ်မူးယစ်ဆန့်ကျင်ရေးအသင်းဥက္ကဋ္ဌ ဦးဌေးဝင်း၊ အခြေခံပညာဦးစီးဌာန မြို့နယ်ပညာရေးမှူး ဦးနိုင်ဝင်းအောင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ လှိုင်းဘွဲမြို့နယ်စခန်းမှူး ဒုရဲမှူးအောင်ကျော်မိုး၊ မြို့နယ်ဥပဒေအထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ငွေတို့က မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့်အကြောင်းအရာများ၊ ပြစ်မှု၊ ပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါးကြောင့် ဆိုးဝါးစွာဖြစ်ပေါ်လာနိုင်သည့်လက္ခဏာများ၊ ဥပဒေနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ မူးယစ်ဆေးဝါးကြောင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာများထိခိုက်နိုင်သည့် အကြောင်းအရာများအား ဆွေးနွေးသွားမည်ဖြစ်ပြီး မည်သူမဆို တက်ရောက်ပါဝင်၍ လွတ်လပ်စွာ အပြန်အလှန် ဆွေးနွေးနိုင်သော စကားဝိုင်းတစ်ခု ဖြစ်ကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)