လှိုင်းဘွဲ အောက်တိုဘာ ၂၁
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် အကောင်အထည် ဖော်ဆောင်ရွက်သည့် ကျုံပကိုကျေးရွာအုပ်စု ကျုံပကိုရွာသစ်ကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို စက်တင်ဘာလ (၁၉)ရက်နေ့က စတင်ကာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွန်ကရစ်လမ်းသည် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (တတိနှစ်စက်ဝန်း) လူထုဗဟိုပြုစီမံကိန်းမှထောက်ပံ့ငွေ (၂၅၅၀၀၀၀၀)ကျပ်ဖြင့် လမ်း( အရှည် ၁၅၀၀ပေ x အကျယ် ၁၂ပေ x အထူ ၆ လက်မ)တို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ပြီး မြို့နယ်နည်းပညာအကြံပေးအဖွဲ့တို့၏ လမ်းညွန်မှုဖြင့် လက်ထောက်နည်းပညာမှူး ဒေါ်ဝင့်ဝတ်ရည်ခြူး၊ လူထုစည်းရုံးရေးမှူး နော်ရိုစီလင်းတို့၏ အနီးကပ်ကြီးကြပ်မှူနှင့် ကျေးရွာသူ/ကျေးရွာသားအား ပူးပေါင်းကာ အကောင်အထည်ဖော်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)