စုကလိ အောက်တိုဘာ ၁၆
ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့သည် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုလုပ်ကြပြီး အစေ့ထုတ်ပြောင်းများအား အဓိကစိုက်ပျိုးပြီး ထိုင်းနိုင်ငံဖြင့် အကျိုးတူဆောင်ရွက်ကြသည်။ စုကလိမြို့ရှိ စိုက်ပျိုးမြေဧက ၂၀၀ နီးပါးခန့်အား အစေ့ထုတ်ကော်ပြောင်းများ စိုက်ပျိုးထားရာ စျေးကောင်းရရန်မျှော်လင့်လျက်ရှိသည်။
စုကလိမြို့တွင် အများအားဖြင့် အစေ့ထုတ်ပြောင်း (၈၈၈) (၂၂၂) မျိုးများကို စီးပွားဖြစ်စိုက်ပျိုးကြပြီး ယခုနှစ်တွင် ခူးဆွတ်ချိန်ရောက်ပြီးဖြစ်သောလည်း မိုးရွာသွန်းမှုများသည့်အတွက် ခူးဆွတ်ချိန်နောက်ကျနေပြီး အထွက်နှုန်းကောင်းစေရေးနှင့် စျေးကောင်းရရှိရေး မျှော်လင့်မိကြောင်း စုကလိမြို့နေ ပြောင်းစိုက်ပျိုးသူ ဦးစောကျေးထူးက ပြောသည်။
ပိုပိုအောင်