လှိုင်းဘွဲမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ(HPV)ရောဂါကာကွယ်ခြင်း ပထမအကြိမ် စတင်ထိုးနှံခြင်းနှင့် သားအိမ်ခေါင်း ကင်ဆာဆိုင်ရာ အသိပညာပေး


လှိုင်းဘွဲ     အောက်တိုဘာ  ၂၁


ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အမျိုးသမီးကလေးငယ်များအား သားအိမ်ခေါင်း ကင်ဆာနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရန်အတွက် သားအိမ် ခေါင်းကင်ဆာ(HPV)ရောဂါ ကာကွယ်ဆေး ပထမ အကြိမ်ထိုးနှံခြင်းကို ယမန်နေ့က မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့ သည်။
ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်မျိုးက HPV ရောဂါပိုးကြောင့် ဖြစ်ပွားနိုင်သည့် ကင်ဆာရောဂါများကို ထိထိရောက် ကာကွယ်ပေးခြင်း၊ HPV ပိုးကူးစက်ခံရပြီး သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားလာနိုင်သည့် အကြောင်းအရာများ၊ HPV ရောဂါ ကူးစက်နိုင်သည့် နည်းလမ်းများ၊ ရောဂါလက္ခဏာများကို ရှင်းလင်းပြောကြားပြီး HPV ရောဂါကာကွယ်ဆေး ထိုးနှံခြင်းနှင့်နှင့်ပတ်သက်၍ နိုင်ငံတော်မှ ကျင်းပနေသည့် ဖွင့်ပွဲအခမ်းအနားများကို ပရိုဂျက်တာဖြင့် အသိပညာပေး ပြသဆောင်ရွက်ခဲ့သည်။ ထို့နောက် HPV ရောဂါပိုးကြောင့် ဖြစ်ပွားနိုင်သည့် သားအိမ်ခေါင်းကင်ဆာရောဂါများ ကြိုတင်ကာကွယ်နိုင်ရန်အတွက် လှိုင်းဘွဲမြို့နယ် အမျိုးသမီးငယ် များအား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ HPV ကာကွယ်ဆေးကို ၂၀၂၀ပြည့်နှစ် အောက်တိုဘာလ(၂၀)ရက်နေ့မှ စတင်ကာ ပုံမှန် ကာကွယ်ဆေးထိုး အစီအစဉ်တွင် ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ပြီး လှိုင်းဘွဲမြို့နယ်အတွင်း ပထမအကြိမ် အဖြစ် အသက်(၉)နှစ်မှ(၁၀)နှစ် အထိ အမျိုးသမီးငယ်(၃၉၀၀)ဦးကို ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။


ခင်စန်းမြင့်(ပြန်/ဆက်)