ဖြူး အောက်တိုဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ပြည်သူများ ကြည့်ရှုလေ့လာ သိရှိနိုင်စေရန်နှင့် ဗဟုသုတတိုးပွားနိုင်စေရန် ရည်ရွယ်၍ ဦးစီးဌာနရုံးရှေ့တွင် နိုင်ငံတော်အစိုးရ၏ တိုင်းကျိုးပြည်ပြု ဆောင်ရွက်မှုမှတ်တမ်းများ ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုနှင့် ပတ်သက် သည့်ရုပ်ပုံများအား မြေစိုက်နံရံ ကပ်ပြဘုတ်တွင် ယနေ့နံနက်ပိုင်းက စတင်၍ ပြသပေးထားကြောင်း သိရသည်။
အဆိုပါနံရံကပ်ပြဘုတ်တွင် နိုင်ငံတော်အကြီးအကဲများ၏ တိုင်းကျိုးပြည်ပြု ဆောင်ရွက်မှုမှတ်တမ်းဓါတ်ပုံများ၊ ကိုဗစ်-၁၉ရောဂါဆိုင်ရာ အသိပညာပေး ရုပ်ပုံများတွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး သတင်းအမှားအမှန် ခွဲခြားပြီး ကျန်းမာရေးစည်းကမ်းတွေ လိုက်နာနိုင်ရေး၊ အချက်အလက်နှင့် ထင်မြင်ယူဆချက်တို့ကို ခွဲခြား ဖို့ခက်နေပါ သလား၊ သတင်း တင်ဆက်ချက် များထဲမှဓမ္မဓိဌာန် သတင်းအချက်အလက်များနှင့် ပုဂ္ဂလဓိဌာန် သတင်းအချက်အလက်များ၊ အချက်အလက်နှင့် ထင်မြင်ယူဆချက်သတင်းတွင် အသုံးပြုသော စကားအသုံးအနှုန်းပိုင်းကို သတိထားကြည့်ရှုပါ။ သတင်းခွဲ ခြမ်းစိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များ၊ ကလေးသူငယ်၊ လူငယ်နှင့်လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာတွင် ဆောင်ရန်နှင့်ရှောင်ရန်များ၊ သတင်းအချက်အလက်များ၊ မည်သို့ဆက်စပ်အရေးပါကြောင်း ကလေးများနှင့်အတူ ဆွေးနွေးပါ၊ မီဒီယာနှင့်သတင်းအချက်အလက် သိနားလည်မှုရှိသော၊ မိဘ/အုပ်ထိန်းမှု အတတ်ပညာဆိုသည်မှာ အဘယ်နည်း၊ ကြော်ငြာများ၊ လုပ်ကြံသတင်းများ၊ နည်းလမ်းများ၊ သင်သည်မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းသူတစ်ဦး ဖြစ်ပါသလား၊ သမိုင်းဝင် တည်နေရာများကို ပုံရိပ်ယောင်နည်းပညာဖြင့် သွားရောက်လေ့လာရာဝယ်၊ အိမ်တွင်လုပ်ဆောင်နိုင်သော ကလေးများနှင့် အတူစာဖတ်ပါ၊ ရုပ်ရှင်အတူကြည့်ပါ၊ ကလေးများနှင့် အတူသတင်း ကြည့်ရာဝယ်၊ မေးသင့်မေးခွန်းများ စသည့် အသိပညာပေး နံရံကပ်စာစောင်များကို ပြသထားကြောင်း သိရှိရသည်။
မနွယ်(ဖြူး)