ပေါင် အောက်တိုဘာ ၂၁
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ၏ ဆန္ဒမဲ လက်မှတ်များ ပြည့်စုံမှန်ကန်မှု ရှိစေရေး အတွက် စစ်ဆေးခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက် ပိုင်းက ပေါင်မြို့နယ်ရှိ မိုးလုံလေလုံအားကစားခန်းမ၌ ပြုလုပ်ခဲ့ သည်။
အဆိုပါ ဆန္ဒမဲလက်မှတ်များ စစ်ဆေးရာတွင် ထုတ်ယူရရှိလာသည့် မဲလက်မှတ်အရေအတွက် ပြည့်/မပြည့် စစ်ဆေးခြင်း၊ မှင်စွန်း စုတ်ပြဲနေသော မဲလက်မှတ်များ ပါဝင်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ ပါဝင်ရမည့်ကိုယ်စားလှယ်လောင်းအရေအတွက်နှင့် အမည်များ မှန်ကန်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ သတ်မှတ်မဲဆန္ဒနယ်မြေနှင့် ရပ်ကွက်ကျေးရွာအုပ်စုအလိုက် ထုတ်ပေးရမည့် ဆန္ဒမဲ လက်မှတ်များကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတို့က အုပ်စု ခွဲကာ စနစ်တကျ စစ်ဆေးခဲ့ကြသည်။
၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပေါင်မြို့နယ်အတွင်း မဲရုံ (၉၈) ရုံ ဖွင့် လှစ်ဖို့ လျာထားပြီး ဆန္ဒမဲပေးခွင့်ရှိ သူနှစ်သိန်းကျော် ရှိတယ်လို့ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ စာရင်းအရ သိရသည်။
ဝင်းမင်းသန်း (ပြန်/ဆက်)