​ကျောက်ကြီးမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်တွင် ထည့်သွင်းထိုးနှံခြင်း အခမ်းအနားဖွင့်ပွဲပြုလုပ်

ကျောက်ကြီး  အောက်တိုဘာ ၂၁

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို ပုံမှန် ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်တွင် ထည့်သွင်းထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နေ့လည် (၁)နာရီအချိန်က မြို့နယ် ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် နေပြည်တော်(MICC 2) ခန်းမ၌ ကျင်းပပြုလုပ်သည် (Human Papilloma Virus )(HPV) သား အိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးစတင်ထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားသည့် အဖွင့်မိန့်ခွန်းနှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့် ထွေးက သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံရခြင်း ရည်ရွယ်ချက်၊ ရောဂါဖြစ်ပွါးမှုအခြေအနေအား (Video Confer encing) မှာ ရှင်းလင်းပြော ကြားချက်ကို အခမ်းအနား တက်ရောက်လာသူများမှ နားဆင်ခဲ့သည်။

ထို့နောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြသောင်း နှင့် ကျောက်ကြီးမြို့နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလွင်ဌေး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို ဖွင့့််လှစ်ပေးခဲ့သည်။

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးအား ယနေ့မှစ၍ အောက်တိုဘာလ(၂၃)ရက်နေ့အထိ အသက်(၉)နှစ်မှ (၁၀) နှစ်အတွင်းရှိ မိန်းခလေးများကို ပထမအကြိမ်ထိုးနှံပေးပြီး (၁၂)လခြားကာ ဒုတိယအကြိမ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

K ခိုင်ပြန်/ဆက်