ကျောက်ကြီး အောက်တိုဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေး ရုပ်ပုံနံရံကပ် စာစောင်များကို အများပြည်သူကြည့်ရှု လေ့လာနိုင်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ဘုတ်၌ အောက်တိုဘာလ (၁၉) ရက်နေ့ နံနက်ပိုင်းမှစတင်၍ပြသဆောင်ရွက်ထားသည်။
အဆိုပါမြေစိုက်နံရံကပ်ပြဘုတ်၌ နိုင်ငံတော်အစိုးရ၏ တိုင်းကျိုးပြည်ပြုဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများ၊ ကိုဗစ်-၁၉ရောဂါဆိုင်ရာ အသိပညာပေး ရုပ်ပုံနံရံကပ်စာစောင်များတွင် မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာ ဆိုသည်မှာ အဘယ်နည်း ၊ သင်သည် မီဒီယာနှင့်သတင်းအချက်အလက် ဆိုင်ရာ သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းသူတစ်ဦးဖြစ်ပါသလား၊ သတင်းအချက်အလက်များက မည်သို့ဆက်စပ်အရေးပါကြောင်း ကလေးများနှင့်အတူဆွေးနွေးပါ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာတွင် ဆောင်ရန်ရှောင်ရန်များ၊ ကလေးသူငယ် လူငယ်နှင့် လူမှုမီဒီယာအသုံးပြုမှု သဘောတူညီချက်တစ်ရပ် ပြုလုပ်ပါ၊ သမိုင်းဝင် တည်နေရာများကို ပုံရိပ်ယောင်နည်းပညာဖြင့် သွားရောက်လေ့လာရာဝယ်၊ ကြော်ငြာများ လုပ်ကြံသတင်းများ၊ ကလေးများနှင့်အတူ စာဖတ်ပါ၊ ရုပ်ရှင်အတူတူကြည့်ပါ၊ကလေးများနှင့် အတူသတင်းကြည့်ရာဝယ် အချက်အလက်နှင့် ထင်မြင်ယူဆချက်တို့ကို ခွဲခြားဖို့ ခက်နေပါ သလား၊ သတင်းတွင် အသုံးပြုသောစကားအသုံးအနှုန်းပိုင်းကို သတိထားကြည့်ရှုပါ၊ မေးနိုင် သော မေးခွန်းအချို့မှာ စသည့်ဗဟုသုတ ရရှိဖွယ်များကို အသိပညာပေး ပြသထားကြောင်း သိရသည်။
K ခိုင်(ပြန်/ဆက်)