ကျောက်တံတားမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီမှ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကျောက်တံတား အောက်တိုဘာ ၂၁


ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌  မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်(၁)နာရီက ဆောင်ရွက်ခဲ့ရာ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ နိုင်ငံရေးပါတီ အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ  တက်ရောက်ခဲ့ကြကြောင်းသိရသည်။
အစည်းအဝေးတွင်   မြို့နယ်ရွေးကောက်ပွဲ  ကော်မရှင်အဖွဲ့ခွဲ    ဥက္ကဋ္ဌ ဦးအောင်၀င်း (သင်္ချာအောင်သင်း)က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် တက်ရောက်လာသူများက ပြည်တွင်း ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်း၍  အစီအစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး မြို့နယ်ရွေးကောက်ပွဲ  ကော်မရှင်အဖွဲ့ခွဲ    ဥက္ကဋ္ဌ ကနိဂုံးချုပ်စကား ပြောကြားခဲ့ပြီးနောက် ကြိုတင်ဆန္ဒမဲပုံးချိတ်ပိတ်ခြင်းအစီအစဉ်ကို ဆက်လက်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ရွှေနန်းမေ