ပေါက်မြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်အစီအစဉ်နှင့် (HPV) ကာကွယ်ဆေး စတင် ထည့်သွင်းခြင်း အသိပညာ ပေးအခမ်း အနားကျင်းပ

ပေါက် အောက်တိုဘာ ၂၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ​ပေါက်မြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုး၊‌ ဆေးတိုက် အစီအစဉ်နှင့်  (HPV) ကာကွယ်ဆေး စတင်ထည့်သွင်းခြင်း အသိပညာပေး အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီ အချိန်က  မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရွှေပေါက်ပင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ အေးပပစိုးရီက သားအိမ်ခေါင်းကင်ဆာကာ ကွယ်ဆေး (HPV) ပုံမှန်ကာ ကွယ်ဆေးထိုး အစီ အစဉ်နှင့် ပတ်သက်၍ အသိပညာပေး ရှင်းလင်း ပြောကြားသည်။

ထို့နောက် မြို့ပေါ်ရပ်ကွက်ရှိ အသက်၉နှစ်မှ ၁၀ နှစ်အတွင်းရှိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ် ဆေးထိုးနှံပေးပြီး အမှတ်တရလက်ဆောင်များပေး အပ်ခဲ့သည်။ ဆက်လက်၍ မြို့နယ်အတွင်း ကျန်ရှိနေသော အမျိုးသမီးငယ် များကို သက် ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများတွင် တာဝန်ကျကျန်းမာရေးဆရာ၊ ဆရာမများက သတ်မှတ်နေရာများ အလိုက် အဆိုပါကာကွယ်ဆေးကို ထိုးနှံပေးသွားမည် ဖြစ်​ကြောင်း သိရသည်။

အသိပညာပေး အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး ပေါက်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV) ပုံမှန် ထိုးနှံပေးမည့် အသက်(၉)နှစ်မှ (၁၀)နှစ်အထိ အမျိုးသမီးငယ်စုစုပေါင်း (၁၈၅၂) ဦးရှိကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ဉာဏ်တိုး​(ပေါက်)