ဒဂုံ အောက်တိုဘာ ၂၁
လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အများ ပြည်သူများ အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း လိုက်နာကြ ရေး အသိပညာပေးခြင်းကို ယနေ့ နံနက် ၇ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် စည်ပင်သာယာရေး အဖွဲ့ဝင်များက ဈေးပြည်သူများ၊ ရပ်ကွက်နေပြည်သူများနှင့် လမ်းသွားလမ်းလာပြည် သူများ သိရှိစေရန် အသံချဲ့စက်ဖြင့် နှိုးဆော်ပေးကြောင်း သိရသည်။
နှိုးဆော်ပေးရာတွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း ပိုမိုများပြားလာမှုကြောင့် တစ်ဦးမှတစ်ဦးသို့ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေ ရန် နေအိမ်ပြင်ပသို့ သွားလာရာတွင် ပါးစပ်၊ နှာခေါင်းစည်း(Mask)များ တပ်ဆင် ကြရေး၊ တပ်ဆင်ရာ၌ မေးတွင် ချိတ်ထား ခြင်း၊ နှာခေါင်းမလုံစွာတပ်ဆင်ခြင်း မပြုကြရန်နှင့် အခြား ကာကွယ်ရေးပစ္စည်းများ စနစ်တကျတပ်ဆင်ကြရန် အပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဆောင်ရန်၊ ရှောင်ရန်အချက်များကို အများပြည်သူများ တိကျစွာ လိုက်နာခြင်း ဖြင့် ပူးပေါင်းဆောင်ရွက် ပေးကြပါရန် နှိုးဆော်ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)