ဒဂုံမြို့နယ် ကိုဗစ်-၁၉ကော်မတီသို့ သမဝါယမဦးစီးဌာနမှ အလှူငွေကျပ်(၂)သိန်း လာရောက် လှူဒါန်း

ဒဂုံ အောက်တိုဘာ ၂၁


လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ   ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး၊    ဒဂုံမြို့နယ်   အ-ထ-က(၂)နှင့်    အ-ထ-က(၃) ကျောင်း တို့၌  ဖွင့်လှစ်ထားသော Community Based Facility Quarantine တွင် စောင့်ကြည့်ရမည့် လူနာများ  နေထိုင်စားသောက်ရေး အဆင်ပြေစေရန်အတွက် မြို့နယ် သမဝါယမ ဦးစီးဌာနနှင့် သမဝါယမအသင်းစု မိသားစုတို့မှ ယမန်နေ့မွန်းလွဲ  ၁ နာရီက အလှူငွေ ကျပ်(၂)သိန်း လာရောက်လှူဒါန်းခဲ့ရာ   မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအီနွယ်လှိုင်ပူက လက်ခံရယူကြောင်း  သိရသည်။
လှူဒါန်းပေးရာတွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မာမာရီက ဦးဆောင်၍ အသင်းသူ၊ အသင်းသားများက ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင်အသုံးပြုနိုင်ရန်အတွက် တစ်ဖက်တစ်လမ်းမ ှပါဝင်ကူညီ လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)