Confederation of Danish Industry (DI) နှင့် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) တို့ သဘောတူညီချက် လက်မှတ်ရေးထိုး

လမ်းမတော် အောက်တိုဘာ  ၂၁


လမ်းမတော်မြို့နယ်  UMFCCI  တွင် မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်  အလုပ်သမားရေးရာကိစ္စရပ်များတွင် ထိရောက်စွာ ကူညီဖြေရှင်းပေးနိုင်ရန်အတွက် ဝန်ဆောင်မှု ပေးလျက်ရှိသည့် ကုန်သည်စက်မှုအသင်းချုပ်ရှိ အလုပ်ရှင်အဖွဲ့အစည်းဌာန (Employers Organization Department-EOD) ၏ အခန်းကဏ္ဍကို မြှင့်တင်ရန်ရည်ရွယ်၍ ယမန်နေ့တွင် ပုဂ္ဂလိကစီးပွားရေးနှင့် အလုပ်ရှင်အဖွဲ့အစည်းဖြစ်သော Confederation of Danish Industry (DI) နှင့် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) တို့ အွန်လိုင်းမှတစ်ဆင့် သဘောတူညီ လက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုပါလက်မှတ်ရေးထိုးပွဲအား Virtual Signing Event ပုံစံဖြင့်ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး H.E. Mr. John Nielsen၊ Ms. Bente Toftkær (Regional Manager, The Danish-Myanmar Partnership Program)၊ Mr. Bjarne Palstrøm (Senior Advisor, DI)၊ Ms. Nanna Schewitsch (Counsellor, Labour Market Affairs)၊  International Organisation of Employers (IOE) မှ တာဝန်ရှိသူများ၊ Mr. Lee Dong Eung (Senior Specialist, ILO Bangkok)၊ Alex Nyi Nyi Aung (Unilever EAC)နှင့် အသင်းချုပ်မှ ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦးဝေဖြိုး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် နှင့် Employers Organization Department (UMFCCI) မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ကျော်ဆန်းမြင့်