ကျောက်တံတား အောက်တိုဘာ ၂၁
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ကြိုတင်ဆန္ဒမဲပုံးများအား စစ်ဆေး၍ လုံခြုံရေး ကြိုးများဖြင့် ချိတ်ပိတ်ခြင်းကို ယမန်နေ့ နေ့လယ်(၁း၃၀)နာရီက ဆောင်ရွက်ခဲ့ရာ သက်ဆိုင်ရာ နိုင်ငံရေးပါတီ အဖွဲ့အစည်းမှ ကိုယ်စားလှယ် များ တက်ရောက်ခဲ့ကြကြောင်းသိရ သည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်၀င်း(သင်္ချာအောင်သင်း)က ပြည်တွင်း၊ပြည်ပမှ ကြိုတင်မဲရောက်ရှိပါက စနစ်တကျ ထားရှိ ဆောင်ရွက်မည့် အစီအစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
ထို့နောက်နိုင်ငံရေးပါတီကိုယ်စားလှယ်များက ကြိုတင်မဲပုံးလုံခြုံရေးကြိုး၏ ကုဒ်နံပါတ်ကို စစ်ဆေးမှတ်တမ်းတင်ကြပြီး မဲပုံးများချိတ်ပိတ်ခြင်းကို မြို့နယ်ကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူများက နိုင်ငံရေး ပါတီ ကိုယ်စားလှယ်များ၏ရှေ့မှောက်တွင် ချိတ်ပိတ်တပ်ဆင်ခဲ့ ကြောင်း သိရသည်။
ရွှေနန်းမေ