တောင်ဥက္ကလာပ အောက်တိုဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရန်အတွက် စောင့်ကြည့်လူနာများ ထားရှိရန် ဖွင့်လှစ်ထားသော အ.လ.က(၆) အသွားအလာကန့်သတ်စောင့်ကြည့်နေရာနှင့် မုနိဓမ္မာရုံ ယောဂီဆောင် အသွားအလာကန့်သတ်စောင့်ကြည့်နေရာများသို့ သောက်ရေသန့်ဗူးများ၊ နှာခေါင်းစည်း (Mask)နှင့် Face Shields များကို အမှတ်(၅)ရပ်ကွက်ရှိ လင်းရောင်ခြည်စာကြည့်တိုက် လူငယ်များမှ ယမန်နေ့ နေ့လည်ပိုင်းအချိန်က လာရောက်လှူဒါန်းခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် အမှတ်(၄)ရပ်ကွက်ရှိ အ.လ.က(၆) အသွားအလာကန့်သတ် စောင့်ကြည့် နေရာသို့ သောက်ရေသန့်ဗူးများ၊ နှာခေါင်းစည်း(Mask)နှင့် Face Shield များ၊ မုနိဓမ္မာရုံ ယောဂီဆောင် အသွားအလာကန့်သတ်စောင့်ကြည့်နေရာသို့ နှာခေါင်းစည်း (Mask)နှင့် Face Shield များအား လင်းရောင်ခြည် စာကြည့်တိုက် လူငယ်များမှ သွားရောက် လှူဒါန်းခဲ့ကြရာ အသွားအလာကန့်သတ်စောင့်ကြည့်နေရာ တာဝန်ခံများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ဝင်းထက်ထက်အောင်