ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ positive လူနာ ၅၃၃  ဦး အနက် ဆေးရုံတက်ရောက်နေသူ ၃၅၃ ဦး၊ သေဆုံးသူ ၁၄ ဦး ကျန်းမာရေး ပြန်လည် ကောင်းမွန်လာသူ ၁၆၆ ဦး ထိရှိ

ဒဂုံမြို့သစ်(အရှေ့ပိုင်း) အောက်တိုဘာ ၂၁


ရန်ကုန်အေရှ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက် ပြန့် ပွားမှု ဖြစ်ပွားချိန် သြဂုတ်လ ၁၆ ရက်မှစတင်၍ အောက်တိုဘာ ၂၀ ရက်နေ့အထိ မြို့နယ်အတွင်း ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူ(၂၀၇)ဦး၊ ပြည်တွင်းစောင့်ကြည့် သံသယရှိသူ (၁၃၀၃)ဦး စုစုပေါင်း (၁၅၁၀)ဦး ရှိသည့်အနက် အောက်တိုဘာ ၂၀ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ လူနာ (၅၃၃)ဦး ရှိပြီဖြစ်ရာ  ယမန်နေ့အထိ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူ (၃၅၃)ဦး၊ သေးဆုံးသူ(၁၄) ဦးနှင့် ကျန်းမာရေးပြန်လည် ကောင်းမွန်လာပြီ ဖြစ်သဖြင့် ဆေးရုံဆင်းခွင့် ရရှိခဲ့သူ (၁၆၆)ဦးရှိကြောင်းနှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင်း အသွားအလာ ကန့်သတ် စောင့်ကြည့် နေရာ (၅)ခုဖွင့်လှစ်၍ အနံ့မရရှိသူသံသယရှိလူနာများ၊ ပိုးတွေ့လူနာများနှင့် ဆက်စပ်သူ လူနာ(၃၁၀)ဦး အား အဆိုပါ အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာ များတွင် ကန့်သတ်စောင့်ကြည့်လူနာများထား ရှိပြီးလိုအပ် သည့်ကျန်းမာရေး စစ်ဆေးဆောင်ရွက်ပေး လျက်ရှိကြောင်းနှင့် ရောဂါပိုးမတွေ့ရှိသူ (Negative)လူနာ (၆၆၇) ဦးအား ပြန်လည် စေလွှတ်ခဲ့ကြောင်းသိရသည်။
လှလှထွေး(ပြန်/ဆက်)