အလုံ အောက်တိုဘာ ၂၁
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ-ထ-က(၇)အလုံနှင့် အ-ထ-က(၄)အလုံ အသွား အလာ ကန့်သတ်စောင့်ကြည့်နေရာများတွင် အသွားအလာကန့်သတ်ထားသူများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် ယမန်နေ့က နံနက်စာထမင်းဘူးနှင့် ညစာထမင်းဘူးများ လာရောက်လှူဒါန်း ခဲ့ကြောင်းသိရ သည်။
ထိုသို့လှူဒါန်းရာတွင် အလှူရှင်တက်နေလင်း" စတီးနှင့်လျှပ်စစ် ပစ္စည်းရောင်း ဝယ်ရေး၊ မင်္ဂလာစျေးမှ နံနက်စာပဲထမင်း(၁၉၀)ဘူး၊ အလုံမြို့နယ်သရဖီလမ်းမှ ကိုသန်းကိုစိုး၏ မွေးနေ့ အလှူနှင့် သူငယ်ချင်းများမှ ညစာထမင်းဘူး(၃၇)ဘူးတို့ကိုလာရောက်လှူဒါန်းခဲ့ရာ တာဝန်ရှိသူ များက လက်ခံရယူခဲ့ပြီးဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်အသွားအလာကန့်သတ်စောင့်ကြည့် နေရာများကို အ−ထ-က(၇)နှင့် အ-ထ-က(၄) အလုံတို့တွင် ဖွင့်လှစ်ဆောင်ရွက်ထားရာ အဆိုပါ အသွား အလာ ကန့်သတ်စောင့်ကြည့်နေရာများသို့ စေတနာရှင် အလှူရှင် များက နေ့စဉ်အလှူငွေ၊ ကာကွယ်ရေး သုံးပစ္စည်းများနှင့် စားသောက် စရာများကို နေ့စဉ်မပြတ် လာရောက် လှူဒါန်းလျက် ရှိကြောင်းသိရသည်။
တင်တင်ချို(အလုံ)