မရမ်းကုန်းမြို့နယ် ကြက်ခြေနီအသင်းခွဲတပ်ဖွဲ့သို့ ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် အသုံးပြု နိုင်ရန် Alphard အမျိုးအစား မော်တော်ယာဉ် တစ်စီးလာရောက်လှူဒါန်း

မရမ်းကုန်း အောက်တိုဘာ ၂၁


ပြည်သူ့အကျိုးပြုကယ်ဆယ်ရေး လုပ်ငန်းများတွင် အရေးပေါ်လူနာတင်ယာဉ်အဖြစ် အသုံးပြုနိုင်ရန် ရည်ရွယ်၍ Alphard အမျိုးအစားမော်တော်ယာဥ်တစ်စီးအား ရန်ကုန် အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် ကြက်ခြေနီ အသင်းခွဲတပ်ဖွဲ့သို့ ယမန်နေ့နံနက်ပိုင်းက လာရောက်လှူဒါန်းခဲ့သည်။
အဆိုပါမော်တော်ယာဉ်ကို မရမ်းကုန်းမြို့နယ်အမှတ် (၃)ရပ်ကွက်နေ အလှူရှင် မင်းအောင်နှင့် ဇနီး ဒေါ်နွယ်နွယ်ဦးမိသားစုက လှူဒါန်းခဲ့ခြင်းဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးဦးထွန်းချစ်နှင့် မြို့နယ်ကြက်ခြေနီ အသင်းခွဲတပ်ဖွဲ့တာဝန်ရှိသူများမှလက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ကြောင်းသိရသည်။
အေးအေးအောင် (ပြန်/ဆက်)