ခရမ်းမြို့နယ် စည်ပင်သာယာရေး အဖွဲ့ဈေးများ၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေး အသိပညာပေးခြင်းနှင့် Mask မပါရှိသူများအားအခမဲ့ဖြန့်ဝေ

ခရမ်း အောက်တိုဘာ  ၂၁


ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ဈေးများ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေးအသိပညာပေးခြင်းနှင့် ဈေးများအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိမရှိစစ်ဆေး ၍ Mask တပ်ဆင်မှုမရှိသူများကို mask များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရမ်းမြို့နယ် စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် ကော်မတီအဖွဲ့ဝင်များ၊ ခရမ်း မြို့နယ်စည်ပင် သာယာရေး  အဖွဲ့  အမှုဆောင်အရာရှိ  ဦးမိုးကျော်နှင့် တာဝန်ရှိသူများ၊ ဈေးတာဝန်ခံများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတ အဖွဲ့များ  ကျန်းမာရေး ဝန်ထမ်းများ ပူးပေါင်းကာ ဈေးအတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးအသိ ပညာ  ပေးခြင်း၊ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ စနစ်တကျဈေး ရောင်း ချခြင်းများရှိမရှိစစ်ဆေးခြင်းဈေးရောင်း ချသူများနှင့် ဈေးဝယ်လာပြည်သူများအားကိုယ် အပူချိန် တိုင်းပေးခြင်း၊ လက်သန့်ဆေးဖြင့်လက် ဆေးစေခြင်း၊ ပါးစပ်နှာခေါင်းစည်း Mask များ (အခမဲ့) ဖြန့်ဝေပေးခြင်းများနှင့် ဈေးမျာအတွင်း Mask တပ်ဆင်မှုမရှိသော ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
ခရမ်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဈေးများအတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးအတွက် ပါးစပ်နှာခေါင်းစည်း Mask မတပ်ဆင်ဘဲ ဈေးရောင်းချခြင်း၊ ဈေးဝယ်ခြင်းများ စစ်ဆေးတွေ့ရှိပါက ပထမအကြိမ် သတိပေးခြင်း၊ ဒုတိယအကြိမ် မလိုက်နာပါက ဒဏ် ငွေရိုက်ခြင်း ၊တတိယအကြိမ် စည်ကမ်း မလိုက်နာပါကဈေးရောင်းချခွင့် ရက်အကန့်အသက်မရှိ ပိတ်သိမ်းသည်အထိ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ခရမ်းမြို့နယ် စည်ပင်သာရေးကော်မတီ  ဥက္ကဋ္ဌ ဦး အောင်နိုင်ဦးထံမှ သိရသည်။
ကိုမင်း(ခရမ်း)