သုံးခွမြို့နယ် မြို့နယ်စည်ပင်သာယာရေးကော်မတီ၏"တစ်ရက်နှစ်နပ်စာ" အစီအစဉ်မှ စား၀တ်နေရေး အခက်အခဲကြုံနေသည့် မိသားစု၀င်များအား စားသောက်ကုန်များ လှူဒါန်း

သုံးခွ အောက်တိုဘာ ၂၁


ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ပြည်သူများ စား၀တ်နေရေးအဆင်ပြေစေရန်အတွက်မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ "တစ်ရက် နှစ်နပ်စာ အစီအစဉ်မှ  ၂-၁၀-၂၀၂၀ရက်နေ့မှစတင်၍ စား၀တ်နေရေး အခက်အခဲ ကြုံနေသည့် မိသားစု၀င်များအား အလှူရှင်များ၏စုပေါင်းဒါနဖြင့် စားသောက်ကုန်များအား ယနေ့အထိ လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့လှူဒါန်းလျက်ရှိရာမှ ယနေ့တွင် သုံးခွမြိုနယ် ၊အောင်ပန်းစိန်ကျေးရွာမှ ဦးဌေးလွင်+ ဒေါ်မြင့်စိန်မိသားစုမှ ၅၀၀,၀၀ဝိ/(ငါးသိန်းကျပ်)၊ မရွှန်းလဲ့ရွှေရည်၊ မမှူးသက်ချယ် (ရွှေရောင်ချယ် အလှပြုပြင်ရေး)(၁၁)ရပ်ကွက်၊ဆိပ်ကမ်းသာ မှဆီ (၅၀)သား ဗူး(၁၀၀)၊ အာလူး  (၇၅) ပိဿာတို့၏ အသီးသီးလှုဒါန်းမှုအား အမှတ် ၃ရပ်ကွက် ကျန်စစ်လမ်း နှင့်အောင်သပြေလမ်းတို့ ရှိမိသားစုဝင်  (၉၀)ဦးနှင့်ပဒတ္ထိုင်းကျေးရွာ မှမိသားစုဝင် (၄၁)ဦး၊ နံယောကျေးရွာမှမိသားစုဝင်(၃၅)ဦး အတွက် အိမ်ထောင်စုတစ်စုလျှင်ဆန် (၄)ပြည်၊ကြက်သွန်နီ (၁)ပိဿာ၊ အာလူး(၁)ပိဿာ၊ဆီ (၅၀)သား (၁)ဗူး တို့အား လှုဒါန်းခဲ့ကြောင်းသိရသည်။
ယင်းသို့လှူဒါန်းခြင်းသည် မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ "တစ်ရက်နှစ်နပ်စာ အစီအစဉ်ဖြင့် ယနေ့အချိန်ထိ ရပ်ကွက်/ကျေးရွာအိမ်ထောင်စုပေါင်း ၇၀၀ကျော်အား လှူဒါန်းပေးပြီး ဖြစ်ရာ ဆက်လက်၍လည်း လှူဒါန်းပေးမည်ဖြစ်ကြောင်းသိရသည်။
စည်သူလင်း ပြန်/ဆက်