ခရမ်းမြို့အတွင်း တရားမဝင်ခွင့်ပြုမဲ့နှင့် သက်တမ်းလွန် ဆေးဝါးများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

ခရမ်း အောက်တိုဘာ ၂၁

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း ဆေးမျိုးစုံ ရောင်းချသည့်ဆိုင်များတွင် ခွင့်ပြုမဲ့နှင့် သက်တမ်းလွန် ဆေးဝါးများနှင့် ကိုဗစ်ပျောက်လျှက်ဆား နှင့် ခွင့်ပြုမဲ့ တိုင်းရင်းဆေးဝါးများ ရောင်းချခြင်း မရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ခရမ်းမြို့ မြို့မဈေးကြီးတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ ခရမ်းမြို့နယ် တိုင်းရင်းဆေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လှမြတ်ထက်၊  လ/ထ တိုင်းရင်းဆေးမှူး ဒေါ်အိသန္တာလွင်၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ  မြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်ဝန်ထမ်းများ ၊မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝင်များ၊ မြို့မဈေး တာဝန်ခံနှင့် ဈေးကြီးကြပ်ရေးမှူးများက တာဝန်ရှိသူများနှင့် ပူးပေါင်း၍  ခရမ်းမြို့အတွင်း ဖွင့်လှစ် ရောင်းချလျက်ရှိသည့် ဆေးဆိုင်များတွင် နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် ရောင်းချခွင့်မပြုသည့် တရားမဝင်ဆေးဝါးများ၊ သက်တမ်းလွန် ဆေးဝါးများနှင့် ကိုဗစ်နိုင်လျှက်ဆားနှင့် အခြားခွင့်ပြုမဲ့ တိုင်းရင်းဆေးဝါးများ ရောင်းချမှုမရှိစေရေးအတွက် ကွင်းဆင်းရှာဖွေ၍ ဆေးဆိုင်များအား အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရှိရသည်။

ကိုမင်း(ခရမ်း)