မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဖွင့်လှစ်ထားသည့် သိမ်ဖြူလက်ဝှေ့ရုံ Community Based Facility Quarantine Centre တွင် အသွားအလာကန့်သတ်ထားသူ (၇၇)ဦးအား Rapid Diagnosis Test Kit များဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ စစ်ဆေးခဲ့ရာ (၇)ဦးတွင်သာ ရောဂါ ပိုးတွေ့ရှိ

ရန်ကုန် အောက်တိုဘာ ၂၁

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူလက်ဝှေ့ရုံတွင်  ဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသွားအလာကန့်သတ် စောင့်ကြည့်ထား သည့် Community Based Facility Quarantine Centre တွင် အသွားအလာ ကန့်သတ် ထားသူများအား  ကိုဗစ်-၁၉ ရောဂါပိုး ရှိ / မရှိ Rapid Diagnosis Test Kit များဖြင့် စစ်ဆေး ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကျန်းမာရေးဝန်ထမ်းများမှ လာရောက်ဆောင်ရွက် ပေးခဲ့ ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါကို စောစောသိ၊ စောစောကုသမှု ပေးနိုင်စေရေး အတွက် သိမ်ဖြူ လက်ဝှေ့ရုံ  Quarantine Centre တွင် အသွားအလာကန့်သတ်ထားသူ (၇၇) ဦးအား Rapid Diagnosis Test Kit များဖြင့် ကိုဗစ်-၁၉ ရောဂါပိုးအား စစ်ဆေးခဲ့ရာ () ဦးတွင် သာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပြီး ကျန် (၇၀) ဦးတွင် ရောဂါပိုးမတွေ့ရှိရသဖြင့် Negative အဖြေထွက်သူများအား  မိမိတို့နေအိမ်များတွင် Home Quarantine တစ်ပတ်ဆက်လက်နေထိုင် သွားရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား ချက်များအပေါ် လိုက်နာနေထိုင်ရေးတို့ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက မှာကြားခဲ့ ပြီး သက်ဆိုင်ရာ ရပ်ကွက်အသီးသီးမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ကြီးကြပ်ကာ အိမ်တိုင်ရာရောက် ပြန်လည် ပို့ဆောင်ပေးခဲ့ကြသည်။

ထို့နောက် ကိုဗစ်-၁၉  ရောဂါ ပိုးတွေ့ရှိခဲ့သူ()ဦးအား ရောဂါဆက်လက်ကုသနိုင်ရေးအတွက် ရန်ကုန်တိုင်း ဒေသကြီး ကျန်းမာရေးဦးစီးဌာန အစီအစဉ်ဖြင့် လာရောက်ခေါ်ဆောင်ခဲ့ကာ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါ Quarantine Centre ၏ တာဝန်ရှိသူများ ထံမှ သိရသည်။ အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာ တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၊ မြို့နယ်ကြက်ခြေနီအသင်းနှင့် စေတနာ့ဝန်ထမ်း များက ပူးပေါင်းကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)