နန်းယွန်း အောက်တိုဘာ ၂၁
စစ်ကိုင်းတိုင်းဒေသ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့ မဲရုံလုံခြုံရေး အထူးရဲ သင်တန်းနည်းပြ (၃) ဦး၊ သင်တန်းသား (၁၉) ဦး စုစုပေါင်း (၂၂) ဦးတို့ကို ယနေ့နံနက် ၈ နာရီ အချိန်ခန့်က မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ရဲစခန်းမှူးရုံး၌ (RDT) Test စစ်ဆေး ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးသန့်၊ တာဝန်ရှိကျန်းမာရေး ဝန်ထမ်းများက မဲရုံလုံခြုံအထူးရဲသင်တန်းနည်းပြများနှင့် သင်တန်းသား (၂၂) ဦးတို့ကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ (RDT) Test စစ်ဆေးခဲ့ရာ (AII Negative) အဖြေ ထွက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးသန့်ထံမှ သိရသည်။
ဟန်ကမ်း(ပြန်/ဆက်)