ဒဂုံတောင် အောက်တိုဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ စားဝတ်နေ ရေး အခက်အခဲရှိနေသော အခြေခံလူတန်းစား အိမ်ထောင်စုများထံသို့ ယမန်နေ့ ညနေ ၄ နာရီခွဲ အချိန်က ဆန်၊ ဆီနှင့် အခြားစာသောက်ကုန်များကို ဆက်လက်လှူဒါန်းမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အဆိုပါလှူဒါန်းမှုကို အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်က ဦးဆောင်၍ ပြည်သူသို့ မျှဝေခြင်းအဖွဲ့တို့နှင့် ပူးပေါင်းကာ လိုက်လံလှူဒါန်းမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။ ထို့သို့လှူဒါန်း ဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ ပရဟိတအဖွဲ့များ၊ ရပ်ကျေးကော်မတီဝင် များနှင့်အတူ ပူးပေါင်း၍ အိမ်တိုင်ရာရောက် လိုက်လံပေးဝေခဲ့ပြီး ပြည်သူများ၏ အခက်အခဲများအား မေးမြန်းဆွေးနွေး၍ အားပေးစကားပြောကြားခဲ့ပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သက်မင်းဟန်(ဒဂုံတောင်)