ကျိုက်မရော အောက်တိုဘာ ၂၁
မွန်ပြည်နယ် မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ တွင်အသုံးပြုမည့် မဲရုံသုံးပစ္စည်းများအား သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲဝင်များသို့ ထုတ်ပေးရန်အတွက် ပြင်ဆင်ဆောင်ရွက်နေမှုများကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးခန်းမ၌ ပြုလုပ်လျက်ရှိကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အထွေထွေရွေးကောက်ပွဲအတွက် မဲရုံပေါင်း (၉၈)ရုံတွင် အသုံးပြုရန် အတွက် မဲရုံးသုံး ပစ္စည်းမျိုးစုံ ၉၈ ထုပ်ကို ပြည့်စုံလုံလောက်မူရှိစေရန် မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးထွန်းရှင်နှင့် ဝန်ထမ်းများ၊ ကော်မရှင်အဖွဲ့ခွဲဝင်များ၊ စစ်ဆေးရေးအဖွဲ့ဝင်များက မဲရုံများတွင် အဓိကအသုံးပြုရမည့် မဲပုံးများ၊ တံဆိပ်တုံးများ၊ မဲရုံးသုံးစာရေးကရိယာများ၊ မဲရုံတွင် ချိတ်ဆွဲထားရှိရမည့် ကြော်ငြာဗီနိုင်းများ၊ ကြိုတင်မဲလက်မှတ်စာအိတ်များ စသည့်ဖြင့် ရွေးကောက်ပွဲ ဆိုင်ရာ မဲရုံသုံးပစ္စည်းများ ပြည့်စုံမှန်ကန်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါ မဲရုံသုံး ပစ္စည်းများကို အောက်တိုဘာ ၂၃ ရက်တွင် ကျင်းပပြုလုပ်မည့် မြိုနယ်ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိ နှိုင်းအစည်းအဝေးတွင် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့် အတွင်းရေးမှူးများ ထံခွဲဝေပေးသွားမည် ဖြစ်ကြောင်းသိရသည်။
ချိုချို(ပြန်/ဆက်)