လမိုင်းမြို့တွင် ပုံမှန်ကာကွယ်ဆေးထိုး/ တိုက်အစီအစဉ်၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) စတင် ထည့်သွင်းထိုးနှံပေး

လမိုင်း   အောက်တိုဘာ  ၂၁

ပုံမှန်ကာကွယ်ဆေးထိုး/ တိုက်အစီအစဉ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး(HPV) စတင် ထည့်သွင်းထိုးနှံပေးခြင်းကို ယနေ့နံနက် ပိုင်းက မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့ကျေးလက် ကျန်းမာရေးဌာနခွဲတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလထက်မစော ၂၀၁၁ ခုနှစ် ဩဂုတ်လထက် နောက်မကျဘဲ မွေးဖွားသူ မိန်းကလေးငယ်လေးများကို သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV) ကို ထိုးနှံပေးသွားမှာဖြစ်ပြီး ကလေးငယ်တစ်ဦးကို တစ်ကြိမ်နှင့် တစ်ကြိမ် (၁၂) လခြားပြီး(၂) ကြိမ် ထိုးနှံပေးသွားမှာဖြစ်ကြောင်း လမိုင်းမြို့ မြို့ကျေးလက်ကျန်းမာရေးဌာနခွဲ ဆရာမ ဒေါ်ရည်ရည်မွန်ထံမှ သိရ သည်။

တင်ဇာစိုး(ပြန်/ဆက်)