ကိုကိုးကျွန်း အောက်တိုဘာ ၂၁
ကိုကိုးကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး အရှိန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးမှ ကိုကိုးကျွန်းမြို့နယ်သို့ သင်္ဘောခရီးစဉ်ဖြင့် ရောက်ရှိ လာသော ခရီးသည် ၅၈ ဦးနှင့် သင်္ဘောသား ၁၂ ဦး စုစုပေါင်း ၇၀ ဦးအား ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်ကိုဗစ်ထိန်းချုပ်ရေး ကော်မတီတို့ ပူပေါင်းပြီး ကိုယ်အပူချိန်တိုင်းခြင်းနှင့် လိုအပ်သော ကျန်မာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါခရီးသည် ၇၀ ဦးသည် ကိုကိုးကျွန်မြို့နယ်သို့ မလာခင်တွင် ရန်ကုန်မြို့ မင်္ဂလာဒုံမြရာပင် သတ္တမ သုခကျောင်းတွင် Quarantine (၈) ရက် ဝင်ထားခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ကိုကိုးကျွန်းမြို့နယ် တွင်လည်း စောင့်ကြည့်သူများအဖြစ် ၅ ရက်ထားရှိရန် ကိုကိုးကျွန်း အထကကျောင်းတွင် စီစဉ်ထားရှိ ကြောင်း သိရသည်။
ကိုကိုးကျွန်း(ပြန်/ဆက်)