ရွှေကျင် ဇန်နဝါရီ ၇
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ဂန့်ဂေါ်ဝိုင်းရပ်ကွက်အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာခန်းမတွင် ၂၀၁၉-၂၀၂ဝပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီ၇ ရက်နံနက်၉ နာရီမှစ၍ ကျင်းပသည်။
အခမ်းအနားကိုကျောင်းသားကျောင်းသူလေးမျာက စုံညီပွဲတော်တို့နွှဲပျော်သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးသည်။ ပညာရေးစုံညီပွဲတော်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးထွန်းထွန်းလင်းက အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးမြင့်သောင်းက ပညာရေးဆိုင်ရာအချက်အလက်များနှင့် စုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပေးခဲ့သည်။ ဆက်လက်ပြီးကျောင်းသားကျောင်းသူလေးများက အကအလှများဖြင့်ဖျော်ဖြေတင်ဆက်ပေးသည်။
ထို့နောက်ရွှေကျင်မြို့နယ်အတွင်းရှိ ကျောင်းပေါင်းစုံမှ မြို့နယ်အဆင့်ဉာဏစွမ်းရည်ပြိုင်ပွဲ ကာယစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသူများအားမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်း မြို့နယ်ရဲမှူး ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းနှင်းဆီညွန့်၊ အမျိုးသမီးရေးရာ ဥက္ကဋ္ဌဒေါ်မြင့်သန်းနုနှင့် တာဝန်ရှိသူများက ဆုများကိုပေးအပ်ချီးမြှင့်ပေးခဲ့သည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)