ကနီ ဖေဖော်ဝါရီ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် ယင်းသွင်ကျေးရွာအုပ်စုနှင့် ဒိုင်ကြီးကျေးရွာ အုပ်စုတို့တွင် ယမန်နေ့ ညနေ ၄ နာရီခွဲခန့်က လေပြင်းတိုက်ခတ်မှုဖြစ်ပွားရာ ယင်းသွင်ကျေးရွာတွင် အိမ်ခြေ (၈)လုံး၊ မိချောင်းပုန်းကျေးရွာတွင် အိမ်ခြေ (၂) လုံး နှင့် ဒိုင်ကြီးအုပ်စု မုံပင်ကျေးရွာတွင် အိမ်(၁)လုံး၊ စုစုပေါင်း အုပ်စု(၂)စု မှ ရွာ ( ၃)ရွာ အိမ်ခြေပေါင်း( ၁၁) အိမ် အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
ခင်ဝင်းကြည် (ပြန်/ဆက်)