ဖာပွန်၊ မတ်၁၈
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့လာရောက်သည့် စာဖတ်သူ၊ စာငှားသူများအား ယမန်နေ့ နံနက်ပိုင်းက ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးဦးစီးဌာနမှ ဖြန့်ဝေသည့် လက်ကမ်းစာစောင်ပါ ကြိုတင်ကာကွယ်ရန် နည်းလမ်း များကို ခရိုင်ပြန်ဆက်ဦးစီးအရာရှိ ဒေါ်သိမ့်ဝါ က ရှင်းလင်းပြောကြားခဲ့ပြီး ရောဂါကြိုတင်ကာကွယ်သည့်အနေဖြင့် စနစ်တကျ လက်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထို့နောက် စာငှားပရိသတ်တစ်ဦးက ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပေါ်နေသည့် လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ကြိုတင်ကာကွယ်သည့်အနေဖြင့် လူစုလူဝေးများရှိရာသို့ သွားရောက်ခြင်းမပြုဘဲ မိမိအိမ်တွင်သာ စနစ်တကျအနားယူ၍ စာအုပ်စာပေဖတ်ရှုလေ့လာရန်အတွက် ယခုလိုစာအုပ်စာစောင်များ လာရောက်ငှားရမ်းခြင်းဖြစ်ကြောင်းပြောကြားသည်။
စိုင်းကျော်ဝဏ္ဏ၊ တိုးဝေဇင်(ပြန်ဆက်)