ပဲခူး နိုဝင်ဘာ ၁၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ပဲခူးမြို့ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) က တွင်းခြံတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပဲခူးခရိုင်ရုံးမှ ဦးစီးအရာရှိဒေါ်သဇင်က ဗလငါးတန်နှင့်ပြည့်စုံသည့်လူငယ်များ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ “ကျောင်းသားနှင့်စာဖတ်ခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့ပြီး ပဲခူးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန္တာ၀င်းက “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့် အားကစားနှင့်ပတ်သက်သည့် သိကောင်းစရာများကိုလည်းကောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းကျော်က “လူငယ်နှင့်ဘဝတန်ဖိုး” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားပြီး နည်းစနစ်မှူး ဦးမျိုးမင်းဦးက အား/ကာ သိပ္ပံတက်ရောက်နိုင်ရေးအကြောင်းများ၊ အားကစားဆိုတာဘာလဲ၊ အားကစားလေ့ကျင့်ခြင်းဖြင့် ရရှိသောအကျိုးကျေးဇူးများအကြောင်းကို ပြောကြားခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများက သိလိုသည့်မေးမြန်းချက်များကို မေးမြန်းကြရာ အကျယ်တဝင့်ပြန်လည်ရှင်းလင်းဖြေကြာပေးခဲ့သည်။
ထို့နောက် အားကစားပစ္စည်းများအား လက်ထောက်ညွှန်ကြားရေးမှူးဒေါ်သန္တာ၀င်းက ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြရတနာစိုးက လက်ခံရယူခဲ့ပြီး အဆိုပါဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၁၂၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)