ရွှေပြည်သာမြို့နယ် မြင့်မိုရ်ရိပ်ကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ရွှေပြည်သာ နိုဝင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် လူငယ်များ အသိပညာ၊ အတတ်ပညာများ ပိုမိုဖွံဖြိုးတိုးတက်စေရန်၊ ထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို နိုဝင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြင့်မိုရ်ရိပ် ကိုယ်ပိုင်အထက်တန်းကျောင်း‌ခန်းမ၌ ကျင်းပခဲ့သည်။

လူငယ်စကားဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းကြည်က အဖွင့်အမှာစကားနှင့်အခြေခံပညာကျောင်းများတွင် လူငယ်စကားဝိုင်းများ ကျင်းပရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဦးစီးမှူးဒေါ်အေးအေးမိုးနှင့် မြင့်မိုရ်ရိပ်ကိုယ်ပိုင်အထက်တန်းကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်ခင်အေးမူတို့က ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်၍ မြင့်မိုရ်ရိပ်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် Grade -11 မှ မောင်အောင်မျိုးသန့်က လူငယ်နှင့် ယဥ်ကျေးမှု၊ Grade -11 မှ မဆုမြတ်နိုးက လူငယ်နှင့်ပညာရေး၊ Grade -11 မှ မအိသဇင်မိုးက လူငယ်နှင့်စာပေ၊ Grade-11 မှ မောင်ဝင်းမင်းထွန်းက လူငယ်နှင့် ကျန်းမာရေး၊ Grade-11 မှ မောင်ညီမင်းထက်က လူငယ်နှင့်နည်းပညာ၊ Grade -11 မှ မခင်စောယုမေက လူငယ်နှင့် အားကစား စသည့်ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်​ဖြေကြားခဲ့ကြသည်။

ထို့နောက် မြင့်မိုရ်ရိပ်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမောင်ကျော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော သုတ/ရသစာအုပ်စာ စောင်များ၊ အသိပညာပေးနံရံကပ်စောင်များကို စိတ်ဝင်စားစွာ လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။

အေးမိုး (ပြန်/ဆက်)