မရမ်းကုန်း နိုဝင်ဘာ ၁၆
ကျောင်းနေအရွယ်ကလေးများ စာပေဗဟုသုတရရှိစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်ရှိ အမှတ် (၂၉) အခြေခံပညာမူလတန်းသို့ ယနေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန ဒုတိယဦးစီးမှူးဒေါ်ယဥ်ယဥ်မော်က စာပေဖတ်ရှုခြင်းကြောင့် ရရှိလာသောအကျိုးကျေးဇူးများအကြောင်းကို ကျောင်သား၊ ကျောင်းသူများအား ဆွေးနွေးဟောပြော၍ ပုံပြင်ပြောပြိုင်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကျင်းပပေးခဲ့ပြီး ဆုရရှိသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသောနံရံကပ်စာစောင်များ ကြည့်ရှုလေ့လာခြင်းနှင့် စာအုပ်စာစောင်များငှားရမ်းဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ယဉ်မော်(ပြန်/ဆက်)