ကွမ်းခြံကုန်း နိုဝင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က တော်ခရမ်းလေးကျေးရွာ အ.ထ.က (ခွဲ) ကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် လူငယ်နှင့်စာပေ အကြောင်းအရာကိုလည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူ အသိပညာပေးအကြောင်းအရာအားလည်းကောင်း၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနက ဆေးခန်းမှူး ဒေါ်ဝေဝေနိုင်က တိုင်းရင်းဆေးအကြောင်း သိကောင်းစရာများနှင့် တော်ခရမ်းလေးကျေးရွာ၊ အ.ထ.က (ခွဲ) ကျောင်း၊ ကျောင်းအုပ်ဆရာကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ကွမ်းခြံကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်နီနီဝင်းနှင့် ဝန်ထမ်းများ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာများ ကျောင်းသား/ကျောင်းသူများ (၁၅၀) ဦး တက်ရောက်ကြပြီး ကျောင်းသား၊ ကျောင်းသူ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
ဆွေနွယ်(ပြန်/ဆက်)