ကလေး နိုဝင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ (Book Club)စာပေမြတ်နိုးသူများမှ စာရေးဆရာနတ်သျှင်(ရွှေဂူ)၏ လူငယ်များကိုပျိုးထောင်ပေးပါ စာအုပ်ပါခေါင်းစဉ်များဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်က ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ကလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းမင်းအောင်က စာဖတ်ဝိုင်းတက်ရောက်လာသူများအား စာဖတ်ဝိုင်းပြုလုပ် ကျင်းပခြင်း၏ ရည်ရွယ်ချက်များကို ဦးစွာဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်၍ ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ Book Club အဖွဲ့ဝင် စာပေဝါသနာရှင် ဦးဆွင်းဆောမ်တုန်းက စာရေးဆရာနတ်သျှင်(ရွှေဂူ)၏ လူငယ်များကို ပျိုးထောင်ပေးပါ စာအုပ်မှ အောင်မြင်ခြင်းကိုတည်ဆောက်ယူခြင်း၊ အောင်မြင်မှုနှင့်အမြင်များ၊ အလှအပဖြင့်ဝင့်ကြွားခြင်း၊ အသုံးကျခြင်းနှင့် နှလုံးလှခြင်း စသည့်ခေါင်းစဉ်များကို အကျယ် တဝင့် ဆွေးနွေးခဲ့ပြီး ဦးတွာလ်ဆွင်းဗန်၊ ဒေါ်ဟေမာရွှေနှင့် ဦးထောင်ဗန်းမန် တို့က ပြန်လည် ဆွေးနွေးခဲ့ကြသည်။
ကလေးခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများအသိဉာဏ်ပညာ ဗဟုသုတများ တိုးပွားလာစေရန်အတွက် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ (Book Club)စာပေမြတ်သူနိုးသူများဖြင့် စာဖတ်ဝိုင်းနှင့် အသိပညာပေးဆွေးနွေးများကို အပတ်စဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)