အလုံ နိုဝင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သူဇာနှင်းက စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပြီးနောက် စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးသားသည့် အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ စာအုပ်ပါ အကြောင်းအရာများကို (Book Club)အဖွဲ့ဝင်များ ဖြစ်ကြသည့် စာရေးဆရာမ အေး(ရန်ကုန်တက္ကသိုလ်)နှင့် တရားလွှတ်တော်ရှေ့နေ ဦးထင်ဇော်လတ်တို့က အကျယ့်တဝင့်ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသော စာပေဝါသနာရှင်များမှ စာပေရေးရာ အသိပညာ ဗဟုသုတများကို ဆွေးနွေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အလုံမြို့နယ်ရုံးအနေဖြင့် ပြည်သူများ စာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာဖတ်သည့်အလေ့အကျင့်များ ရရှိစေရန်၊ စာပေမှ ရရှိသည့် အသိပညာဗဟုသုတများကို မျှဝေနိုင်ပြီးလူအများနှင့် ပါဝင်ဆွေးနွေးတတ်စေရန် ရည်ရွယ် ချက်ဖြင့် လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သူဇာနှင်း(ပြန်/ဆက်)