သံတောင်ကြီးမြို့နယ်၊ Community Centre ခန်းမတွင် Book Club/Youth Club အသင်းဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်

သံတောင်ကြီး နိုဝင်ဘာ ၂၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်း၏အကျိုးကျေးဇူးသိရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုး၊ အမှားအမှန်ကိုဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ Book  Club/ Youth Club အဖွဲ့ဝင်များက စာရေးဆရာဖေမြင့်၏ မည်သို့ပင်ဖြစ်စေ စာအုပ်အား ယမန်နေ့နေ့လယ်(၂) နာရီအချိန်က   Community Centre ခန်းမ၌   စာဖတ်ဝိုင်းဆွေးနွေးပွဲ   ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ နော်လော်မူက  စာဖတ်ဝိုင်း ပြုလုပ်ရခြင်းရည်ရွယ်ချက်များ     ရှင်းလင်းပြောကြားပြီး   နော်ရုသာ (Book Club)အဖွဲ့ဝင်က စာအုပ်ပါ အကြောင်းအရာဖြစ်သည့် မည်သို့ပင်ဖြစ်စေ၊ လောကဓံခံနိုင်ကြသူများ၊ ငွေအသပြာနှင့်စိတ်ချမ်းသာမှု၊ ဆောင်ရန်နှင့် ရှောင်ရန်စကားနှစ်ခွန်း၊ ချစ်သောသူတို့အတွက် အဖိုးမဖြတ်နိုင်သော လက်ဆောင်မွန်များ စသည့် အကြောင်းအရာများအား စာဖတ်ဝိုင်းဆွေး‌နွေးဆောင်ရွက်ခဲ့သည်။

ဆက်လက်ပြီး    နော်ဝါးဝါး  (Youth  Club) အဖွဲ့ဝင်က ဘဝမှာအကောင်းဆုံးနေထိုင်တတ်ဖို့၊ လူတော်တွင်သတိထားဖို့၊ အခက်ခဲလားအခွင့်ကောင်းကြုံခြင်းလား၊ စိတ်ရှည်သည်းခံခြင်း၏စွမ်းအား၊ ကိုယ့်ကိုကိုယ်သိပါစသည့် အကြောင်းအရာများအား ဖတ်ကြာဖတ်ကြားဆွေးနွေးခဲ့ပြီး  တက်ရောက်လာသည့်    Book  Club/Youth Club အဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

နော်လော်မူ