စေတုတ္တရာမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပ

စေတုတ္တရာ နိုဝင်ဘာ ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက် နေ့တွင် ကျရောက်မည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြိုအဖြစ် စာစီစာကုံးပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်း (၁၂)နာရီက စေတုတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းအိမွန်က (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲ ကျင်းပရခြင်းရည်ရွယ်ချက်မှာ အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံသမိုင်း၊ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဆိုသည်မှာ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကိုသပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦး၊ မြန်မာနိုင်ငံ၏ သမိုင်းဝင်နေ့ထူးနေမြတ်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာ၍ သိရှိနိုင်စေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်းနှင့် အမှတ်ပေးစည်းမျည်းများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။

ဆက်လက်၍ အခြေခံပညာအမှတ်(၁)အလယ်တန်းကျောင်းခွဲမှ ကျောင်းသား၊ ကျောင်းသူများက "အမျိုးသားအောင်ပွဲနေ့တို့မမေ့" ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး‌ ပထမ၊ ဒုတိယ၊ တတိယ (၂)ဆု စုစုပေါင်းဆုရရှိသူ (၄)ဦးအား စေတုတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ၊ ဒုတိယဦးစီးမှူးနှင့် အခြေခံပညာအမှတ်(၁)အ.လ.က ခွဲကျောင်းမှ ဆရာမတို့က အသီးသီး ဆုလက်ဆောင်များ ပေးအပ်ချီမြှင့်ခဲ့ပြီးနောက် စာစီစာကုံးလာရောက်ယှဉ်ပြိုင်ကြသော ကျောင်းသား၊ ကျောင်းသူများ၊ ဆရာမများအား ရုံးတွင်းပြသထား‌သော (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်များကို စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရူခဲ့ကြကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)