မြိုင် မတ် ၁၉
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့တွင် ယနေ့ နံနက်ပိုင်းတွင် နွေရာသီမီးဘေးအန္တရာယ်ကာကွယ်ရေး ၊ မီးသတ်ယာဉ်များ ရေအလွယ်တကူရရှိသယ်ဆောင်နိုင်ရေးအတွက် ပြုလုပ်ထားသော ရေလောင်ကန်များသန့်ရှင်းခြင်းနှင့် ရေငုတ်များပျက်စီးမှုမရှိစေရေး လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။
အဆိုပါ လုပ်ငန်းများကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာ(မြို့မ) ဈေးကော်မတီအဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အောင်ကျော်မိုး(ပြန်/ဆက်)