တာမွေမြို့နယ်တွင် Coronavirus (2019 n-Cov) အဆုတ်ရောင် ရောဂါဆိုင်ရာ အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန်     ဖေဖော်ဝါရီ      ၂၆

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး ယနေ့ နံနက် ၁၁ နာရီအချိန်က ကျောင်းမြောင်းစျေးနှင့် တာမွေစျေးတို့ရှိ စျေးတာဝန်ခံ ရုံးများတွင် စျေးတာဝန်ခံများ၊ သားငါး ရောင်းချသော စျေးသည်များနှင့် ပြည်သူများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သော Coronavirus (2019 n-Cov) အဆုတ်ရောင်ရောဂါ နှင့်ပတ်သက်၍ ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ ရောဂါကူးစက်မခံရစေရန် ကာကွယ်နိုင်သည့် နည်းလမ်းများအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး Coronavirus (2019 n-Cov) အဆုတ်ရောင်ရောဂါ ဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များအား ပြည်သူများ လက်ဝယ်အရောက် လိုက်လံဖြန့်ဝေ ပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။

နိုင်လင်းအောင်(တာမွေ)