ဆိပ်ဖြူမြို့နယ် တွင်မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်

ဆိပ်ဖြူ  ဖေဖော်ဝါရီ ၂၆

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် မီးသတ်တပ်ဖွဲ့က ဒေသခံပြည်သူအများ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေးခြင်းကို ယနေ့ နံနက်က အနောက်ပိုင်းရပ်ကွက်တွင် ပြုလုပ်သည်။

ဒေသခံပြည်သူတို့အနေဖြင့် ပူပြင်ခြောက်သွေ့သော နွေရာသီအချိန်သို့ ရောက်ရှိလာသည်ဖြစ်၍  မီးဘေးအန္တရာယ်ကြောင့်  နိုင်ငံပိုင် အဆောက်အဦးမျာနှင့် ဒေသခံပြည်သူတို့၏ နေအိမ်အဆောက်ဦးများနှင့် ဥစ္စာပစ္စည်းများ အသက်အန္တရာယ် ထိခိုက်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် ၊ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးလုပ်ငန်များ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်၊ အရေးပေါ်အခြေအနေ ဖြစ်ပွားလာပါက ဆောင်ရွက်ရမည့် တုန့်ပြန်ရေး နည်းလမ်းစဉ်များကို ဒေသခံပြည်သူအများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အသိပညာပေးလက်ကမ်း စာစောင်ဖြန့်ဝေခြင်းလုပ်ငန်း ဆောင်ရွက်ကြောင်း သိရှိရသည်။

အဆိုပါ အသိအပညာပေး လက်ကမ်းစာစောင်ကို  မြို့နယ်မီသတ်တပ်ဖွဲ့မှ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်လင်းနှင့် မြို့မမီးသတ်စခန်းမှူး ဦးဖြိုးဝေအောင် ဦးဆောင်သော တပ်ဖွဲ့ဝင်များက ခရီးသွာပြည်သူအများနှင့် ဒေသခံပြည်သူများကို မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးစကာများ ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရှိရသည်။

စိုးလင်းနိုင်(IPRD)