ပိုင်ကျုံမြို့ လူထုအ‌ခြေပြုဗဟိုဌာန၌ ရွှေ့ပြောင်းဦးနှောက်ယိုစီးမှုစာအုပ်ဖြင့် Book Club အသင်း စာဖတ်ဝိုင်းပြုလုပ်

ပိုင်ကျုံ  နိုဝင်ဘာ   ၂၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ယ‌နေ့နံနက်ပိုင်းက  စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အသင်းအဖွဲ့ဝင်များပူးပေါင်း၍ စာရေးဆရာဝင်းနိုင်ထွန်းရေးသားသည့် ရွှေ့ပြောင်းဦးနှောက်ယိုစီးမှု စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်နော်ခူးခူးက  စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့်စာအုပ်ပါ အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး (Book Club) အဖွဲ့ဝင်နော်မုဝါဆိုးက မြန်မာနိုင်ငံနှင့် လူကုန်ကူးပြဿနာများအကြောင်းများ‌ကိုဆွေးနွေးပြီး ဒေါ်အိသဲချိုက ဖြစ်ပွားနေသည့် လူကုန်ကူးမှုပုံစံများအကြောင်းကို ဆွေးနွေးပြောကြားပြီးနောက် ဆွေးနွေးပွဲတွင် တက်ရောက်လာကြသည့် အဖွဲ့ဝင်များတို့မှ မိမိတို့သိရှိသည့် အသိပညာများကို အပြန်အလှန် ဆွေးနွေးခဲ့သည်။

ပိုင်ကျုံမြို့ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းဆွေးစာဖတ်ဝိုင်းဆွေးနွေးပွဲများ ဆောင်ရွက်ခြင်းကြောင့် စာအုပ် စာပေချစ်မြတ်နိုးသူများအသင်းအချင်းချင်း တစ်ဦးနှင့်တစ်ဦး စာပေအသိပညာများ နှီးနှောဖလှယ်နိုင်ပြီး အကောင်းအဆိုးများကိုလည်း ဝေဖန်ပိုင်းခြား လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)