ဟုမ္မလင်း အောက်တိုဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ်တွင် အောက်တိုဘာလအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကက်သာကျေးရွာနေ ဦးစံလူ၏ နေအိမ်တွင် ကမ်းပါးပြိုကျမှုကြောင့် မြေစာများဝင်ရောက်၍ ပြောင်းရွှေ့နေရကြောင်းသိရသည်။
ကမ်းပါးရံပြိုကျကာ မြေစာများရိုက်ခတ်၍ အိမ်တွင်းဝင်ရောက်နေမှုကြောင့် နေထိုင်မရသည့် နေအိမ်သို့ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ မီးသတ်တပ်ဖွဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ရဲတပ်ဖွဲ့ဝင်များ ဒေသခံပြည်သူများကဝိုင်းဝန်း၍ အိမ်တွင်းရှိပစွည်းများကို ဆွေမျိုးများအိမ်သို့ ကူညီပြောင်းရွေ့ပေးခွဲ့ပြီး နေအိမ်အား ကြိုတင်ပျက်သိမ်းပေးခဲ့ကြောင်း သိရသည်။
ချန်လော(ဟုမ္မလင်း)