ဒဂုံမြို့သစ်(အရှေ့ပိုင်း) အောက်တိုဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်မဲရုံမှူး၊ ဒုတိယမဲရုံမှူးသင်တန်းတွင်ဆန္ဒမဲပေးခြင်းသရုပ်ပြရန်ကြိုတင်ပြင်ဆင်ခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက အမက(၆) မူလွန်ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းကို အမက(၆) မူလွန်ကျောင်းတွင်သင်တန်းသား(၃၅၂) ဦးအား အောက်တိုဘာ ၂၆ ရက်မှ၂၇ ရက်နေ့အထိ နံနက် ၉နာရီမှ ၁၂ နာရီထိတကြိမ်၊ မွန်းလွဲ၁နာရီမှညနေ ၄ နာရီထိတကြိမ်၂ရက်တာ သင်တန်းပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသို့မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဒေါက်တာ အောင်မျိုးဟိန်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိဒေါ်သက်မွန်ဆွေ၊ မြို့နယ်ရွေးကောက် ပွဲကော် မရှင်အဖွဲ့ဝင် ဦးမင်းမင်းချိုတို့မှပို့ချဆွေးနွေးပေးသွားမည်ဖြစ်ကြောင်းသိရသည်။
လှလှထွေး(ပြန်/ဆက်)