ဇီးကုန်းမြို့နယ်တွင် အနာကြီးရောဂါကိုယ်အင်္ဂါချို့ယွင်းမှု အဆင့်(၂)ရှိသူများအား ထောက်ပံ့ငွေ ပေးအပ်

 

ဇီးကုန်း         အောက်တိုဘာ ၂၅

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်ရှိ အနာကြီးရောဂါကိုယ်အင်္ဂါချို့ယွင်းမှု အဆင့်(၂)ရှိသူများအား နိုင်ငံတော်မှပေးအပ်သော ထောက်ပံ့ငွေများကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။

ဇီးကုန်းမြို့နယ် ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်နိုင်ဦး၏ ကြီးကြပ်မှုနှင့် အနာကြီးရောဂါတိုက်ဖျက်ရေး မြို့နယ်တာဝန်ခံ ဦးစိုးနိုင်ဝင်း၊ မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနမှ ဒေါ်သန္တာထွေးနှင့် ကျန်းမာရေးဝန်ထမ်းများက ထောက်ပံ့ကြေး ရရှိသူ(၁၀)ဦးအား တစ်ဦးလျှင် (၅၀၀၀၀)ကျပ်နှုန်းဖြင့်ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ ကျန်ရှိသူများကို သက်ဆိုင်ရာရပ်ကွက် ကျန်းမာရေးဝန်ထမ်းများက အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

တင့်ဆွေ(ပြန်ဆက်)